ပင်မစာမျက်နှာ

စည်းကမ်းချက်များနှင့် ကိုယ်ရေးအချက်အလက်မူဝါဒ

နောက်ဆုံးပြင်ဆင်သည့်ရက် — ၂၀၂၆ ခုနှစ်

ကျွန်ုပ်တို့ စုဆောင်းသည့် အချက်အလက်များ

သင့်အမည်၊ အီးမေးလ်၊ ဖုန်းနံပါတ်၊ မွေးသက္ကရာဇ်၊ ကျား/မ၊ အင်္ကျီဆိုဒ်၊ နေရပ်လိပ်စာနှင့် မြို့နယ်။

သင့်မှတ်ပုံတင်နံပါတ်နှင့် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း ဓာတ်ပုံများ။

ထောက်ခံသူ၏ အမည်၊ ဖုန်းနံပါတ်၊ တော်စပ်ပုံနှင့် မှတ်ပုံတင်ဓာတ်ပုံများ။

မြေပုံပေါ်တွင် ရွေးချယ်ပါက သင့်တည်နေရာ။ မရွေးပါက သိမ်းဆည်းမည်မဟုတ်ပါ။

အဘယ်ကြောင့် စုဆောင်းသနည်း

သင့်လျှောက်လွှာကို စစ်ဆေးရန်၊ ဖုန်းဖြင့်ဆက်သွယ်ရန်နှင့် rider အဖြစ် အတည်ပြုရန်သာ အသုံးပြုပါသည်။

သင့်အချက်အလက်များကို ကြော်ငြာလုပ်ငန်းများထံ ရောင်းချခြင်း မပြုလုပ်ပါ။

မည်သူမြင်နိုင်သနည်း

FARY Eats ၏ စိစစ်ရေးဝန်ထမ်းများသာ ကြည့်ရှုနိုင်ပါသည်။ တင်သွင်းထားသော စာရွက်စာတမ်းဓာတ်ပုံများကို အကောင့်ဝင်ပြီးမှသာ ကြည့်နိုင်ပါသည်။

သင့်အခွင့်အရေး

သင့်အချက်အလက်များကို ကြည့်ရှုရန်၊ ပြင်ဆင်ရန် သို့မဟုတ် ဖျက်သိမ်းရန် အချိန်မရွေး တောင်းဆိုနိုင်ပါသည်။

လျှောက်လွှာ ပယ်ဖျက်ပါက သင့်အချက်အလက်များကို ဖျက်သိမ်းပေးပါမည်။

မေးမြန်းလိုပါက 09 000 000 000 သို့ ဆက်သွယ်ပါ။